Sunday, January 13, 2013

ပြောင်းပြန်သိုင်းပြကွက်


Find more videos like this on Myanmar Digital Artists Society

ရှမ်းကြီးသိုင်း ရှမ်းလေးသိုင်း

sea games ပြိုင်ပွဲဝင်အားကစား နည်း pencak silat အကြောင်း

sea games ပြိုင်ပွဲဝင်အားကစား နည်း pencak silat အကြောင်း


pencak silat

sea games ပြိုင်ပွဲဝင် အားကစားနည်း pencak silat အားကစားနည်း ဆိုတာကတော့ မြန်မာ့သိုင်း အားကစားသမား များ sea games ပြိုင်ပွဲတိုင်း သွားရောက်ယှဉ်ပြိုင်နေတဲ့ လက်သိုင်းအားကစားနည်း ဖြစ်ပါတယ်။ pencak silat ဆိုတာ ကတော့ အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံ တို့ရဲ့ မူပိုင် အားကစားနည်းဖြစါပါတယ်။  တိုက်ခိုက်ရတဲ့ အားကစားနည်း တစ်ခု့ဖြစ်ပါတယ်။

မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် ပေါ်ပေါက်လာပုံ

မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် ပေါ်ပေါက်လာပုံ



မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်ပေါ်ပေါက်လာပုံသမိုင်း

    မြန်မာနိုင်ငံင သိုင်းအဖွဲ့ချုပ်ဟာ 1966 ခုနှစ်၊ ဇန်န၀ါရီလ(1) ရက်နေ့မှာဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။  မြန်မာနိုင်ငံ သိုင်း အဖွဲ့ချုပ် မဖွဲ့စည်းမီကတည်းက မြန်မာ့သိုင်း ဆိုတာ မြန်မာတို့ရဲ့ ကိုယ်ပိုင်ရိုးရာခုခံကာကွယ် တိုက်ခိုက်နိုင်တဲ့ပညာရပ်တစ်ခုအဖြစ် တည်ရှိနေခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့သိုင်းဆိုတာ







မြန်မာ့သိုင်းဆိုတာ

မြန်မာ့သိုင်းဆိုတာ မြန်မာလူမျိုးတို့ရဲ့ ရှေးအစဉ် အဆက် ဘိုးဘွားများ လက်ထက်ကတည်းက တည်ရှိခဲ့တဲ့ ရိုးရာကိုယ်ခံတိုက်ခိုက်မှုပညာ ဖြစ်ပါတယ်။ ဥပမာ- တရုတ် နိုင်ငံမှာ ရှောင်လင်ကွန်ဖူး၊ ၀ူရှူး။ဆိုတဲ့ပညာရှိသလို ကိုးရီးယားနိုင်ငံ မှာတိုက်ကွမ်တို၊ ထိုင်းနိုင်ငံမှာ မွေထိုင်း၊ ဖိလိပိုင်နိုင်ငံမှာ အားနစ်(တုတ်တိုသိုင်း)၊ မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံမှာ ပန်ကြပ်ဆီလတ်၊ ဂျပန်နိုင်ငံမှာ ကရာတေးဒို ၊ဂျူဒို၊ စတဲ့ ကိုယ်ခံပညာရပ်များရှိသလို မြန်မာနိုင်ငံမှာ သိုင်းပညာရှိနေပါတယ်။

ဗန်တို သမိုင်း

Note မြန်မာ့သိုင်း ဟုခေါ်သောဗန်တို၊ ဗန်ရှည် အတတ်ပညာသည် မြန်မာတို့၏ ယဉ်ကျေးမှုအမွေအနှစ် ကိုယ်ခံပညာတစ်ခု ဖြစ်ပါသည်။ ရှေးမြန်မာတို့က ကာယနှင့် စိတ်ဓါတ်ကြံခိုင်ရေးအတွက် အဓိကထားပြီး စစ်ပွဲများတွင် လက်နက်မဲ့၊ လက်နက်ကိုင်နှစ်မျိုးခွဲကာ အသုံးပြု တိုက်ပွဲဝင်သည့် ရိုးရာကိုယ်ခံပညာဖြစ်သည်။ ၄င်းဗန်တိုဗန်ရှည်ပညာရပ်များကို အထူးလျှို့ဝှက် သင်ကြားပေးခဲ့ကြသည်။

မြန်မာ့သိုင်း၏ အဓိပါယ်


Note သိုင်း၏အနက် အဓိပ္ပယ်မှာ "သ" ပြုပြင်ခြင်း ခြယ်သခြင်း၊ "သိ" သိမြင်ခြင်း နားလည်ခြင်း၊ "သို" သိမ်းဆည်းခြင်း သိုမှီးခြင်း သိုဝှက်ခြင်း၊ "သိုင်း" သိုင်းဝန်းခြင်း ခြုံလွှမ်းခြင်း ရစ်သိုင်းခြင်း ဟူ၍ဖြစ်သည်။ ရှေးမြန်မာဘုရင်များ လက်ထက် မင်းခန်း မင်းနား များတွင် သိုင်းတုတ်ကိုင် ကာ စောင့်ရှောက် ပေးရပြီး ရှေ့မှ စောင့်ရှောက် ပေးရသူကို ရှေ့သိုင်းစောင့်၊ နောက်မှ စောင့်ရှောက် ပေးရသူကို နောက်သိုင်းစောင့် ဟုခေါ်သည်။သိုင်းဆိုသည်မှာ ကျော်လွှားခြင်းဟုလည်း နားလည်ရပေမည်။မူရင်းwebpageသို့