Sunday, January 13, 2013

မြန်မာ့သိုင်းဆိုတာ







မြန်မာ့သိုင်းဆိုတာ

မြန်မာ့သိုင်းဆိုတာ မြန်မာလူမျိုးတို့ရဲ့ ရှေးအစဉ် အဆက် ဘိုးဘွားများ လက်ထက်ကတည်းက တည်ရှိခဲ့တဲ့ ရိုးရာကိုယ်ခံတိုက်ခိုက်မှုပညာ ဖြစ်ပါတယ်။ ဥပမာ- တရုတ် နိုင်ငံမှာ ရှောင်လင်ကွန်ဖူး၊ ၀ူရှူး။ဆိုတဲ့ပညာရှိသလို ကိုးရီးယားနိုင်ငံ မှာတိုက်ကွမ်တို၊ ထိုင်းနိုင်ငံမှာ မွေထိုင်း၊ ဖိလိပိုင်နိုင်ငံမှာ အားနစ်(တုတ်တိုသိုင်း)၊ မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံမှာ ပန်ကြပ်ဆီလတ်၊ ဂျပန်နိုင်ငံမှာ ကရာတေးဒို ၊ဂျူဒို၊ စတဲ့ ကိုယ်ခံပညာရပ်များရှိသလို မြန်မာနိုင်ငံမှာ သိုင်းပညာရှိနေပါတယ်။
်၊မြန်မာနိုင်ငံမှာ သိုင်းပညာတည်ရှိနေခဲ့တာဟာ ဂျပန်နိုင်ငံထက်နောက် မကျဘူးဆိုတာ သမိုင်း အထောက်အထားများမှာ ခိုင်မာစွာ ရှိနေပါတယ်။ (၈)ရာစုဝန်းကျင်ကတည်းက တည်ရှိနေခဲ့တဲ့ မြန်မာ့သိုင်းပညာဟာ မျိုးချစ်စိတ်ဓါတ်ပြင်းထန်းလှတဲ့ ရှေးဘိုးဘွားသိုင်းပညာရှင်များကြောင့်သာ ယနေ့တိုင်တည်ရှိနေနိုင်တာ ဖြစ်ပါတယ်။
သိုင်းပညာဟာ တကယ်တန်းလက်တွေ့ လေ့လာလိုက်စားမယ်ဆိုရင် နိုင်ငံတကာမှာရှိနေတဲ့ ကိုယ်ခံပညာရပ်တွေထက် နည်းစနစ်ပိုင်း၊ နည်းပရိယာယ်ပိုင်း ပိုမိုကြွယ်ဝနေတာကို လက်တွေ့သိရှိနိုင်ပါတယ်။ မြန်မာ့သိုင်းပညာရပ်မှာ လက်နက်မဲ့ ဖြစ်စေ၊ လက်နက်ချင်းဖြစ်စေ တိုက်ခိုက်မှုနည်းစနစ်ပေါင်းစုံ ရှိနေပါတယ်။ ဒီ့ပြင်နိုင်ငံတွေမှာ မရှိတဲ့နည်းစနစ်တွေ ရှိနေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။
ဒီနေ့ခောတ်မှာ မြန်မ့ာသိုင်းပညာကို လာရောက်လေ့လာတဲ့ ပြည်ပဧည့်သည်တွေ တစ်ဖွဲဖွဲရောက်ရှိလို့နေပါတယ်။ လာရောက်သင်ယူနေကြသလို၊ သက်သက်လေ့လာသူတွေလည်းရှိနေပါတယ်။  ဒေါက်တာမောင်ကြီးဆိုတဲ့မြန်မာနိုင်ငံသားသိုင်းပညာရှင် တစ်ဦးဆိုရင် အမေရိကန်နိုင်ငံမှာ အမေရိကန်ဗန်တိုအသင်းဆိုတဲ့အဖွဲ့အစည်းတစ်ရပ်က ဖွဲ့စည်းပြီိး ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေပါတယ်။ အမေရိကန်ရဲ့လှုပ်ရှားမှုကိုသိရှိနေတဲ့ ရုရှားနိုင်ငံကလည်း ယနေ့ဆိုရင် မြန်မာနိုင်မှာအကြိမ်ကြိမ်လာရောက် သင်ယူနေတာကကို တွေ့ရှိရပါတယ်။
ဒီစာလေးကတော့ကျွန်တော့ရဲ့ blog ထဲဝင်လေ့လာတဲ့ သူငယ်ချင်း Twinkling Dark ရဲ့ မေးမြန်းမှု ဖြစ်တဲ့ မြန်မာ့သိုင်း ဆိုတာဘယ်လိုမျိုးလဲ ဆိုတဲ့မေးခွန်းလေးကိုပြန်လည်ဖြေဆိုရင်း ရေးသား လိုက်တဲ့ အတိုချုံးမျှသော ရှင်းလင်းချက်ကလေး မျှသာဖြစ်ပါတယ်။
ပြီးတော့တဆက်ထဲ သူငယ်ချင်း  JQY ရေးသားထားတဲ့ မြန်မာ့သိုင်းနဲ့ မြန်မ့ာသမိုင်းဆိုတာကတော့ မှန်ပါတယ်။ မ်ြနမာ့သိုင်းဆိုတာ မြန်မာ့သမိုင်နဲ့ဘယ်လိုမှ ခွဲခြားထားလို့ရတဲ့ အရာမဟုတ်ပါဘူး။ ရှေးကတည်းက မြန်မာ့သမိုင်းမှာ ရှေးမြန်မာ့သူရဲကောင်း တို့နဲ့အတူ တိုင်းပြည်ကိုအုပ်ချုပ်စိုးစံစဉ် အချိန်ကတည်းက ယှဉ်တွဲတည်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ရှေးမြန်မာနိုင်ငံတော် တည်ထောင်စဉ်ကတည်းက တည်ရှိနေတာဖြစ်ပါတယ်။ ဘယ်နိုင်ငံခြားမှာသွားရောက် သင်ယူထားတာ မဟုတ်ဘူးဆိုတာ ကိုတော့ အားလုံးသိကြလိမ့်မယ် ထင်ပါတယ်နော်။
ဝင်ရောက်လေ့လာတဲ့ မိတ်ဆွေများအားလုံး သိုင်းပညာနဲ့ပတ်သက်ပြီး ဗဟုသုတ ရရှိစေဖို့အတွက် စဉ်ဆက်မပြတ် တင်ပြသွားဘို့ အစီအစဉ် ရှိပါတယ်။ ဒါ့ကြောင့် သူငယ်ချင်းများ၊ စိတ်ဝင်စားသူများ ဆက်လက်ပြီး ၀င်ရာက် လေ့လာကြဘို့ဖိတ်ကြားပါတယ်။

No comments:

Post a Comment