Sunday, January 13, 2013

sea games ပြိုင်ပွဲဝင်အားကစား နည်း pencak silat အကြောင်း

sea games ပြိုင်ပွဲဝင်အားကစား နည်း pencak silat အကြောင်း


pencak silat

sea games ပြိုင်ပွဲဝင် အားကစားနည်း pencak silat အားကစားနည်း ဆိုတာကတော့ မြန်မာ့သိုင်း အားကစားသမား များ sea games ပြိုင်ပွဲတိုင်း သွားရောက်ယှဉ်ပြိုင်နေတဲ့ လက်သိုင်းအားကစားနည်း ဖြစ်ပါတယ်။ pencak silat ဆိုတာ ကတော့ အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံ တို့ရဲ့ မူပိုင် အားကစားနည်းဖြစါပါတယ်။  တိုက်ခိုက်ရတဲ့ အားကစားနည်း တစ်ခု့ဖြစ်ပါတယ်။
တစ်ဦးချင်းအတိုက်ပြိုင်ပွဲ၊ (၂)ယောက်တွဲအပြပြိုင်ပွဲ၊ (၃)ယောက်တွဲ အသင်းလိုက် ပြိုင်ပွဲ၊ ဆိုပြီး ပြိုင်ပွဲများအမျိုးမျိုး ရှိပါတယ်။ ပြိုင်ပွဲဝင် ၀တ်စုံကတော့ အနက်ရောင်ဖြစ်ပါတယ်။ pencak silat အားကစားနည်းရဲ့ ကွဲပြားချက်ကတော့ ဦးနှောက်ကို သုံးပြီး ခေါင်းအေးအေး ထားကစားရပါတယ်။  တရှူးထိုး တိုက်ခိုက်ခွင့်မပြုထားပါဘူး။ ပြိုင်ပွဲစည်းမျဉ်းအရ (၄)ချက်ပိုမို တိုက်ခိုက်လို့မရပါဘူး။ အားကစားနည်းဥပဒေ အရ အားသာသူနဲ့ အားနည်းသူကိုမျှတ အောင်ပါ။ ဒီအားကစားနည်းကို မြန်မာ့သိုင်း အားကစားသမားများ အနေနဲ့ 1993 ခုနှင်္စ၊ (17) ကြိမ်မြောက်၊ sea games ပြိုင်ပွဲကနေစပြီး ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီ့အပြင် WORLD CUP ပြိုင်ပွဲများမှာလဲ အလျှဉ်းသင့် သလိုပါဝင်ယှဉ်ပြိုင်ပြီး ဆုတံဆိပ်များ ဆွတ်ခူးလျှက်ရှိပါတယ်။ဒီနေ့အထိ ငွေတံဆိပ်(  7 )၊ကြေးတံဆိပ် ( 22  ) ခုဆွတ်ခူးထားပြီ့းဖြစ်ပါတယ်။ ဒီနှစ် လာအိုနိုင်ငံမှာ2009 ခုနှစ်၊ဒီဇင်ဘာလအတွင်း ကျင်းပမယ့် (25) ကြိမ်မြောက် SEA GAMES ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဘို့ အတွက်စခန်းဝင် လေ့ကျင်လျှက်ရှိပါတယ်။
ဒီအားကစားနည်းဟာလည်း ထူးခြားတဲ့ အားကစားနည်း ဖြစ်ပါတယ်။  နက်နဲသိမ်မွေ့တဲ့ အားကစားနည်း ဖြစ်ပြီး စိတ်ဝင်စားဘို့ကောင်းပါတယ်။ တကယ်လို့ စိတ်ဝင်စားခဲ့ရင်တော့ WELCOME နော်။

No comments:

Post a Comment